ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူများသို့ပန်ကြားခြင်းဗွီနီုင်းနှင့် မုန်တိုင်းဘေးအသိပညာပေးဗွီနိုင်းတို့အား လူအများစည်ကားရာရုံးရှေ့လမ်းမကြီးဘေးတွင် ကြော်ငြာကပ်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ပြည်သူများလာရောက်ဖတ်ရှုလေ့လာလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)