Author Archives: Aye Kyimann
-
လေဘေးကြောင့် သေဆုံးသူအား ထောက်ပံ့မှုသတင်း
(၁၆-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၌ သစ်ပင်ပိ၍ သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပ့ံငွေ (၃၀၀၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၀၅၀၀/-) ၊ စုစုပေါင်း (၄၁၀၅၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုစာအား (၁၈-၄-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဟိုင်း ကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ … Read more
-
မင်းဘူးမြို့နယ်၊ ကုလားပါကျေးရွာရှိ ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မာရသာမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုကြောင့် မင်းဘူးမြို့နယ်၊ ကုလားပါကျေးရွာ၌ လူနေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စု၊ ဆန်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၄၂၀၀/-) ကျပ်တို့အား (၁၇-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မိုးလေဝသသတင်းမှတ်စဉ်(၁၁)၊၂၀၁၇မိုးလေဝသအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် အားပျော့သွားပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ပါသည်။ ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha)အတွက် နောက်ဆုံး ထုတ်ပြန်ပေးသည့်သတင်း ဖြစ်ပါသည်။
-
မကွေးတိုင်းဒေသကြီး၊ ကြာကန်ကျေးရွာအုပ်စု၊ ဗိုလ်တဲတဲတိုက်နေ ပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဗိုလ်တဲတဲတိုက်မှ အိမ်ထောင် စု (၅၂) စု၊ လူဦးရေ (၃၅၀) ဦးတို့အတွက် သောက်သုံးရေ (၉၃၀၀) ဂါလံကိုဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မုန်တိုင်းဘေးပညာပေးစာစောင်များ ဖြန့်ဝေပေးမှှုသတင်း
၁၆-၄-၂၀၁၇ ရက်နေ့၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားမှ ဖြတ်ကျော်ဝင် ရောက်လာ ခဲ့သောမုန်တိုင်းအရှိန်ကြောင့် ပခုက္ကူမြို့တွင် လျှက်တပြတ်ရေဘေး ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှုဒဏ်ခံစားခဲ့ရသည့် မြစ်ချောင်းဘေးရှိ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်များသို့ ဆိုင်ကလုန်းမုန်တိုင်း မာရသာ အတွက် ကြိုဆင်မှှုများပြုလုပ်နိုင်ရန်အတွက် မုန်တိုင်းဘေး ပညာပေးစာစောင်များဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများအား ပုညမုဒိတာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်းတို့ … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး အုတ်တွင်းမြို့နယ်အတွင်းရှိ လေပြင်းတိုက်ခတ်မှုခံရသောကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုပြီး ထောက်ပံ့မှုများပေးအပ်ခြင်း
၁၅-၄-၂၀၁၇၊ နေပြည်တော် တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်၊ ဧပြီလ(၁၄) ရက်နေ့ ညနေ (၅) နာရီခန့် အချိန်တွင် ကြက်တက်ညောင်ပင်ကျေးရွာအုပ်စု၊ တောပု ကျေးရွာအုပ်စုနှင့် ရွှေလောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦ အပါအဝင် စုစုပေါင်း (၉၄) လုံးအမိုးများလန်ခြင်း၊ ပြိုလဲခြင်းစသည့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ခဲ့သဖြင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဌဦးကြည်ဇင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာ ဝန်ကြီးဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များနှင့်အတူ … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၅)၊၂၀၁၇
#ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က)ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက် ဘက် မိုင်(၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်ဘက်(၁၅၈)မိုင်ခန့်၊ ဂွမြို့၏ အနောက်- အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ သံတွဲမြို့၏ အနောက် တောင်ဘက် မိုင်(၁၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက် တောင်ဘက် (၁၉၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်တောင် ဘက်(၂၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း … Read more
-
ပခုက္ကူခရိုင်၊ ကမ္မမြို့ရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် (၃) ရပ်ကွက်တွင် (၁၂-၄-၂၀၁၇) ရက်နေ့ နံနက် (၀၄း၁၅) အချိန်၌ မီးကြွင်းမီးကျန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၅) ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၅၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၁၂-၄-၂၀၁၇) ရက်နေ့တွင် ကမ္မမြို့၊ အမှတ် (၃) ရပ်ကွက်၊ မီးဘေး သင့်ပြည်သူ၏ ခြံဝင်းအတွင်း၌မြို့အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ … Read more
-
စက်လှေနစ်မြုပ်သေဆုံးသူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့ည ငွေကြယ်ပွင့်ရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ (၁၂-၄-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြ်ီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပုသိမ်နှင့့် ငပုတောမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့့်ဌာနဆိုင်ရာ များနှင့် သေဆုံးသူများ၏ မိသားစုဝင်များ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ စက်လှေနစ်မြုပ်မှုကြောင့့် အသက်ရှင်ကျန်ရစ်သူ (၃၀) ဦးအတွက် တစ်ဦးလျှင် (၅၀၀၀၀/-) နှုန်းဖြင့် ငွေကျပ် (၁၅) သိန်းနှင့် … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ပန်ကြားလွှာ စာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ တောင်နီကျေးရွာ (၅) ရက် (၁) ကြိမ်စျေးနေ့သို့ လာရောက်ကြသော ရွာနီးချုပ်စပ်မှ ပြည်သူ (၇၀၀) ဦး အား လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
