ပခုက္ကူခရိုင်၊ ကမ္မမြို့ရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် (၃) ရပ်ကွက်တွင် (၁၂-၄-၂၀၁၇) ရက်နေ့ နံနက် (၀၄း၁၅) အချိန်၌ မီးကြွင်းမီးကျန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၅) ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၅၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၁၂-၄-၂၀၁၇) ရက်နေ့တွင် ကမ္မမြို့၊ အမှတ် (၃) ရပ်ကွက်၊ မီးဘေး သင့်ပြည်သူ၏ ခြံဝင်းအတွင်း၌မြို့အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events