လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မာရသာမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုကြောင့် မင်းဘူးမြို့နယ်၊ ကုလားပါကျေးရွာ၌ လူနေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စု၊ ဆန်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၄၂၀၀/-) ကျပ်တို့အား (၁၇-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)