လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့ည ငွေကြယ်ပွင့်ရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ (၁၂-၄-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြ်ီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပုသိမ်နှင့့် ငပုတောမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့့်ဌာနဆိုင်ရာ များနှင့် သေဆုံးသူများ၏ မိသားစုဝင်များ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ စက်လှေနစ်မြုပ်မှုကြောင့့် အသက်ရှင်ကျန်ရစ်သူ (၃၀) ဦးအတွက် တစ်ဦးလျှင် (၅၀၀၀၀/-) နှုန်းဖြင့် ငွေကျပ် (၁၅) သိန်းနှင့် သေဆုံးသူ (၂၀) ဦးအတွက် တစ်ဦးလျှင် (၃) သိန်း နှုန်းဖြင့် ငွေကျပ်သိန်း (၆၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုယ်တိုင် (၈-၄-၂၀၁၇) ရက်နေ့ နံနက်ပ်ိုင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယနေ့အခမ်းအနားတွင် ကျန်ရှိသည့် သေဆုံးသူ (၁၀) ဦး အတွက် တစ်ဦးလျှင် (၃) သိန်းနှုန်းဖြင့် သိန်း (၃၀) တိတိကို လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ ပုသိမ်နှင့် ငပုတောမြို့နယ်လွှတ်တော်ကိုယ်စား လှယ်များနှင့် တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးတို့မှ သေဆုံးသူ မိသားစုများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ပါသည်။ စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေစုစုပေါင်းမှာ (၁၀၅) သိန်းတိတိဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သေဆုံးသူ (၃၀) ဦးအတွက် (၁၅၀) သိန်း၊ ဧရာဝတီဖောင်ဒေးရှင်းမှ (၁၅၀) သိန်း၊ ကမ္ဘောဇအလင်းတန်းမှ (၁၅၀) သိန်း၊ စက်လှေပိုင်ရှင်မှ (၃၀) သိန်း၊ ပြည်ခိုင်ဖြိုးပါတီမှ (၃၀) သိန်း၊ ရွှေပြည်တော်ဆုံမှတ်ပရဟိတအဖွဲ့မှ (၉) သိန်း၊ မြန်မာ့အာမခံလုပ်ငန်းမှ သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေးငွေသိန်း (၃၀၀) တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး (ကဆရ)