Author Archives: Aye Kyimann
-
လပွတ္တာခရိုင်၊ ကြာကန်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ၌ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၂၄-၅-၂၀၁၇) ရက်နေ့က လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ၌ မိုးကြိုထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပ့ံငွေ (၃၀၀၀၀၀/-)နှင့် သတိလစ်မေ့မြော၍ ဆေးရုံတင်ထားရသူ (၂) ဦးအတွက် ထောက်ပ့ံငွေ (၁၀၀၀၀၀/-) တို့ကို သေဆုံးသူအတွက် ကြာကန်ကျေးရွာတွင်လည်းကောင်း ဒဏ်ရာရလူနာများအတွက် လပွတ္တာခရိုင်ဆေးရုံတွင်လည်းကောင်း (၂၅-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) နေ့၌ ကော့သောင်း မြို့နယ်၊ မလိဝမ်းကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ကျင်းပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားစုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့ပြင် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်အကြောင်းအရာများဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်းဝေဌပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သရက်ခရိုင်၊ သရက်မြို့နယ်၊ ဆတ်လှကျေးရွာရှိ လေဘေးသင့်ပြည်သူများ အား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) နေ့၌ သရက်ခရိုင်၊ သရက် မြို့နယ်၊ ဆတ်လှကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ဖိုးငွေ (၂၅၂၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၅၅၂၀၀/-) ကျပ်၊ အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် သရက် ခရိုင်ဦးစီးမှူးရုံးခန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆောင်ပုံကျေးရွာအုပ်စု၊ ဆောင်ပုံကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ ပျက်စီး နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆၃၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-) ကျပ်တို့အား (၂၅-၅-၂၀၁၇) ရက်နေ့တွင် လေဘေး … Read more
-
ကွတ်ခိုင်မြို့၊ မုံးယကျေးရွာအုပ်စု နောင်ခမ်းကျေးရွာ၌ မိုင်းဟောင်းပေါက်ကွဲမှုမှ ဒဏ်ရာရရှိသူအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့တွင် ကွတ်ခိုင်မြို့၊ မုံးယကျေးရွာအုပ်စု နောင်ခမ်းကျေးရွာမှ မအမ်အွမ် အသက် (၃၀) နှစ်သည် တောင်ယာလုပ်ကိုင်နေစဉ် မိုင်းဟောင်း (၁) လုံးအား ပေါက်ပြား ဖြင့် ပေါက်မိရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ တက်ရောက်ဆေးကုသမှုခံယူနေသည့် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်အား (၂၅-၅-၂၀၁၇) နေ့၌ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာ၌ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့၊ နံနက် (၀၃း၀၀) နာရီချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာ၌ ငါး၊ ခရုရှာထွက်ရာမှ လယ်ကွင်းတွင် မိုးကြိုးပစ်၍ သေဆုံးသူ မောင်ခင်ဇော်၏ မိသားစုထံသို့ ထောက်ပံ့ငွေ (၃) သိန်းအား (၂၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ သီပေါမြို့၌ သဘာဝဘေး လျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို (၂၄-၅-၂၀၁၇) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်မှူး (ကယ်ဆယ်ရေး) မှ ရှင်းလင်းဟောပြောဆွေးနွေးခြင်း၊ တက်ရောက် လာသူများမှ အဖွဲ့လိုက်ဆွေးနွေး သုံးသပ်တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်အင်အား (၉၀) ဦးတက်ရောက်ခဲ့ကြကာ ညနေ (၁၅း၃၀) ချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ချောင်းကျေးရွာ၊ ဘို့ကုန်းကျေးရွာ၊ ချစ်တီးကုန်းကျေးရွာ၊ မြယာကုန်းကျေးရွာ၊ ဖိုးတုံးကျေးရွာနှင့် လွှဇာကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာတို့၌ လေဘေးကြောင့် အိမ်ထောင်စု စုစုပေါင်း (၁၃) စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုး ထောက်ပံ့ရန်ပုံငွေ (၁၃၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ရန်ပုံငွေ (၁၀၉၂၀၀/-) ကျပ် စုစုပေါင်း (၁၄၀၉၂၀၀) ကျပ်တို့အား ဘိုကုန်းကျေးရွာစာသင်ကျောင်း၌ မြို့နယ်ထွေ/အုပ်၊ မြို့နယ် NLD အဖွဲ့ဝင်များ၊ Rescue ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့တွင် လပွတ္တာ မြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု မလေးဆိပ်ကျေးရွာ၌ မိုးကြိုထိမှန်သေဆုံး သူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား (၂၄-၅-၂၀၁၇) ရက်နေ့ (၁၁း၀၀) အချိန်တွင် လပွတ္တာမြို့နယ်ထွေ/အုပ်ရုံး၌ ၎င်း၏ မိသားစုထံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆပ်သေကျေးရွာအုပ်စု၊ ဘုရားကြီးဒေါင့်ကျေးရွာတွင် (၁၉-၅-၂၀၁၇) ရက်နေ့၌ ယာယီတဲအတွင်းဝင်ရောက်မိုးခိုနေစဉ် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ်၊ ထိခိုက်ဒဏ်ရာ ရရှိ၍ ဆေးကုသမှုခံယူလျက်ရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၅၀၀၀၀/-) ကျပ်တို့အား (၂၃-၅-၂၀၁၇) ရက်နေ့တွင် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ မိုးကြိုးဘေးကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
