ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့တွင် ကွတ်ခိုင်မြို့၊ မုံးယကျေးရွာအုပ်စု နောင်ခမ်းကျေးရွာမှ မအမ်အွမ် အသက် (၃၀) နှစ်သည် တောင်ယာလုပ်ကိုင်နေစဉ် မိုင်းဟောင်း (၁) လုံးအား ပေါက်ပြား ဖြင့် ပေါက်မိရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ တက်ရောက်ဆေးကုသမှုခံယူနေသည့် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်အား (၂၅-၅-၂၀၁၇) နေ့၌ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)