Author Archives: Aye Kyimann

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မောင်တောမြို့နယ် (၂၉ -၅ -၂၀၁၇) ရက်နေ့မှ (၃၀-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးသင့်ကျေးရွာ အုပ်စု (၅) စု မှ လုံးဝပြိုကျအိမ် (၅၁) လုံးအတွက် (၃၂၅၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၉၁) လုံးအတွက် (၁၉၂၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၅၁၇၀၀၀၀/-) ကျပ်အား (၉-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင် (၁၀-၆-၂၀၁၇) ရက်နေ့ (၀၈း၀၀) ချိန်၌ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ဆောင်ရွက်ရာတွင် ဘေးသင့်ပြည်သူများအား ယာယီခိုလှုံရာစခန်းသို့ရွှေ့ပြောင်းပေးပြီး သဘာဝဘေးအန္တရာယ်အကြောင်းနှင့် စပ်လျဉ်း သည့် ဆောင်ရန်၊ ရှောင်ရန်များ ဆွေးနွေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းစသည့် အခန်းကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၆-၇-၂၀၁၇) ရက်နေ့ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၂) ဦးအတွက် အိမ်ထောင်စု (၅) စုစာ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)၊ နှင့် ဆန်ရိက္ခာဖိုး (၄၆၂၀၀/-) ကျပ်၊ စုစုပေါင်း (၅၄၆၂၀၀/-)၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာတွင် … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးပွဲဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတုံးကလေးကျေးရွာအုပ်စု၊ ကျုံတုံးကလေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲအား (၉-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် သဘာ၀ ဘေးစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များ၊ ပိုစတာများဖြန့်‌ဝေခြင်း၊ ဗွီနိုင်းပိုစတာ ကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ဘင်္ဂလားပင်လယ်အော်အခြေအနေ

    ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက် – (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၀၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နေပါသည်။

  • ရေကန်တူးဖော်ရန်အတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံဒိုင်းတိုက်နယ် မီးကျောင်းတက် ကျေးရွာရေကန်တူးဖော်ရန်အတွက် ကျပ် (၈၅) သိန်းကို (၈-၆-၂၀၁၇) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၇) ရက်နေ့ (၁၅:၀၅) နာရီအချိန်၌ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်း တောင်ကျေးရွာအုပ်စု၊ စွယ်ကျိုးကျေးရွာတွင် ဦးခင်အောင်၏ ဇနီးဖြစ်သူ ဒေါ်အေးမူ အသက် (၄၄) နှစ်၊ အဘ ဦးကိုးကြိုင်သည် မိမိနေအိမ် ရှေ့ကျောက်စည်၌ ရေချိုးနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ပါသည်။ အဆိုပါ မိုးကြိုးထိမှန်၍ သေဆုံးသူ ဒေါ်အေးမူ၏ မိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃) သိန်းကျပ်အား (၈-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွါးသင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မနောသုခ ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းကို (၅-၆-၂၀၁၇) ရက်နေ့မှ (၇-၆-၂၀၁၇) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလမှာ (၃) ရက်ကြာမြင့်မည်ဖြစ်ပြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာမှ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events