မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၇) ရက်နေ့ (၁၅:၀၅) နာရီအချိန်၌ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်း တောင်ကျေးရွာအုပ်စု၊ စွယ်ကျိုးကျေးရွာတွင် ဦးခင်အောင်၏ ဇနီးဖြစ်သူ ဒေါ်အေးမူ အသက် (၄၄) နှစ်၊ အဘ ဦးကိုးကြိုင်သည် မိမိနေအိမ် ရှေ့ကျောက်စည်၌ ရေချိုးနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ပါသည်။ အဆိုပါ မိုးကြိုးထိမှန်၍ သေဆုံးသူ ဒေါ်အေးမူ၏ မိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃) သိန်းကျပ်အား (၈-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events