Author Archives: Aye Kyimann

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၇) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့၊ ရပ်ကွက်အချို့တွင် သက်တမ်းရင့်လမ်းဘေးညောင်ပင်ကြီးများနှင့် သစ်ပင်ကြီးအချို့ ပြိုလဲကျခဲ့ရာ လူနေအိမ်အနည်း ငယ်ပိမိခဲ့ခြင်းနှင့် လမ်းများအနည်းငယ်ပိတ်ဆို့ခြင်းများဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နေရာများသို့ မွန်ပြည်နယ်ဦးစီးမှူးမှသွားရောက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များနှင့်လိုအပ်သောပေါင်း စပ်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီး ရှင်းလင်းရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။ လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့နယ်အတွင်းရှိ သီရိမြိုင်ရပ်ကွက်တွင်  လုံးဝပြိုကျပျက်စီးနေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၅) … Read more

  • (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် ကယ်ဆယ်ရေးထောက်ပံ့မှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ (၂၉-၆-၂၀၁၇) ရက်နေ့တွင် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် ကယ်ဆယ်ရေးထောက်ပံ့မှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်း ကျောင်း အုပ်ကြီးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေး၌ ရန်ပုံငွေတောင်းခံခြင်း၊ သုံးစွဲခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်း နှင့်စပ်လျဉ်းပြီး လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီး ဌာနတို့ပူးပေါင်းပြီး (၂၇-၆-၂၀၁၇) ရက်နေ့တွင် အမျိုးသမီးအိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး သင်တန်းသူများ စုစုပေါင်း (၇၀) ဦးတက် ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း၊ အမှတ်စဉ်(၅/၂၀၁၇) ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် သဘာဝဘေး အသိ ပညာပေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း၊ အမှတ်စဉ်(၅/၂၀၁၇) အား ဖွင့်လှစ်ကျင်းပခဲ့ပြီး လှည်းကူးမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိများက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း နှင့် သင်တန်းသား၊ သင်တန်းသူ (၃ဝ) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းမှာ (၂၈-၆-၂၀၁၇) ရက်နေ့မှ (၃၀-၆-၂၀၁၇) ရက်နေ့ထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၇) ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုမှုကြောင့် ပြောင်းရွေ့ခဲ့ရသည့် အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) အိမ်လျှင် (၁၀၀၀၀၀/-) ကျပ်နှုန်းဖြင့် (၅၀၀၀၀၀/-) ကျပ်၊ လူ (၂၂) ဦးတို့အတွက် ဆန်ဖိုး (၇) ရက်စာ (၄၆၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၅) အိမ်ထောင်စုစာ တို့အား (၂၇-၆-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးမှ တဆင့်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇွန် (၂၄) ရက်က မိုးသက်လေပြင်း အရှိန်ကြောင့် ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာ၌ လူနေတဲအိမ် (၃) လုံးပြိုကျပျက်စီးခဲ့သဖြင့် (၁) အိမ်လျှင် (၁) သိန်းနှုန်းဖြင့် (၃) သိန်းကျပ် ဘေးသင့်သူ (၁၄) ဦးအတွက် (၁) ပတ်စာ ဆန်ဘိုး (၂၉၄၀၀/-) ကျပ်၊ တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုးတို့အား (၂၅-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်သူများလက်ဝယ်သို့ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၇) ရက်နေ့ ကျောက်ဖြူခရိုင်၊ ဂုံးချွန်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၌ “သဘာဝဘေးအန္တရာယ်အသိ ပညာပေးဟောပြောပွဲ”ကို ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၇) ရက်တွင် လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု တောင့်တလောင်ကျေးရွာ၊ တောင့်တလောင်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု ပန်နွဲကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူမိသားစု (၆) စု ကျား (၈) ဦး မ (၆) ဦး စုစုပေါင်း (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေ (၂၉၄၀၀/-) ကျပ်နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၆-၆-၂၀၁၇) ရက်ေနေ့ (၁၂း၃၀) ၌ ထောက်ပံ့ပေးခဲ့ … Read more

Sign Up

Upcoming Events