လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

2

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇွန် (၂၄) ရက်က မိုးသက်လေပြင်း အရှိန်ကြောင့် ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာ၌ လူနေတဲအိမ် (၃) လုံးပြိုကျပျက်စီးခဲ့သဖြင့် (၁) အိမ်လျှင် (၁) သိန်းနှုန်းဖြင့် (၃) သိန်းကျပ် ဘေးသင့်သူ (၁၄) ဦးအတွက် (၁) ပတ်စာ ဆန်ဘိုး (၂၉၄၀၀/-) ကျပ်၊ တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုးတို့အား (၂၅-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်သူများလက်ဝယ်သို့ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events