တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၇) ရက်တွင် လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု တောင့်တလောင်ကျေးရွာ၊ တောင့်တလောင်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု ပန်နွဲကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူမိသားစု (၆) စု ကျား (၈) ဦး မ (၆) ဦး စုစုပေါင်း (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေ (၂၉၄၀၀/-) ကျပ်နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၆-၆-၂၀၁၇) ရက်ေနေ့ (၁၂း၃၀) ၌ ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events