လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၇) ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုမှုကြောင့် ပြောင်းရွေ့ခဲ့ရသည့် အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) အိမ်လျှင် (၁၀၀၀၀၀/-) ကျပ်နှုန်းဖြင့် (၅၀၀၀၀၀/-) ကျပ်၊ လူ (၂၂) ဦးတို့အတွက် ဆန်ဖိုး (၇) ရက်စာ (၄၆၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၅) အိမ်ထောင်စုစာ တို့အား (၂၇-၆-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးမှ တဆင့်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)