သဘာဝဘေးအသိပညာပေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း၊ အမှတ်စဉ်(၅/၂၀၁၇) ဖွင့်လှစ်မှုသတင်း

28_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် သဘာဝဘေး အသိ ပညာပေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း၊ အမှတ်စဉ်(၅/၂၀၁၇) အား ဖွင့်လှစ်ကျင်းပခဲ့ပြီး လှည်းကူးမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိများက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း နှင့် သင်တန်းသား၊ သင်တန်းသူ (၃ဝ) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းမှာ (၂၈-၆-၂၀၁၇) ရက်နေ့မှ (၃၀-၆-၂၀၁၇) ရက်နေ့ထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events