Author Archives: Aye Kyimann

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်(၂)ခု၌ မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်း အားကျင်းပပြုလုပ်ခဲ့ရာ ရွှေတောင်မြို့နယ်ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကျန်းမာရေး၊ စည်ပင်၊ ပရဟိတအသင်းနှင့် ပြည်သူအင်အား စုစုပေါင်း (၁၈၀) ဦးခန့်တို့ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ငလျင်အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ်စားနပ်ရိက္ခာများလည်း ပံ့ပိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တောင်တွင်းကြီးမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်း ၁/၂၀၁၈ ဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ထွေ/အုပ်ရုံးခန်းမတွင် (၁၃-၂-၂၀၁၈)ရက်နေ့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်မွမ်းမံ သင်တန်းကိုဖွင့်လှစ်ပေးခဲ့ရာသင်တန်းဖွင့်ပွဲသို့ မြို့နယ်အတွင်းမှသင်တန်းသား(၄၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၃-၂-၂၀၁၈)ရက်နေ့မှ (၁၆-၂-၂၀၁၈)ရက်နေ့ထိ (၄)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိရပါသည်။ Source:     မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် (၈-၂-၂၀၁၈) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတဝက်ကျေးရွာအုပ်စု ညောင်တုန်းကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း လူဦးရေ (၁၅၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များနှင့်ဗီနိုင်း ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ တင်းဂါတ်ကျေးရွာအုပ်စု၊ ရှားတော ကျေးရွာတွင် (၁-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀/-)ကျပ်တို့အား (၉-၂-၂၀၁၈) ရက်နေ့ တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၌ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား(၄၀)ဦးတက်ရောက်ခဲ့ပါကြောင်း သင်တန်းကာလမှာ (၂)ရက်တာကြာမြင့်ဖြစ်ပြီး ပေါင်းလောင်းမြို့ပေါ်ရှိ ရပ်ကွက် (၆)ခုနှင့် ကျေးရွာအုပ်စု(၂)စုတွင် ယခုနှစ်နွေရာသီကာလ၌ လေပြင်းဘေးကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရပ်ကွက်/ကျေးရွာအုပ်စုတစ်စုလျှင် သင်တန်းသား(၅)ဦးနှုန်းဖြင့် ပညာပေးဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါ သည်။ Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ်၊ မိုးနတ်ကုန်းကျေးရွာအုပ်စု၊ တဇီးကောက်ကျေးရွာသို့သွားရောက်၍ ကျေးရွာပြည်သူလူထု (၂၁၀)ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဆပ်ပြာမှုန့်ထုပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်း ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ကြာအင်း အုပ်စု ကံဆယ်ကျေးရွာ (၅-၂-၂၀၁၈)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ မီးလောင်ကျွမ်းပျက်စီးခဲ့သော ဝါးအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ(၁၀၀၀၀၀/-)ကျပ်၊ မီးဘေးသင့်ပြည်သူ(၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၆၃၀၀/-)ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-)ကျပ်အား ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇-၂-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ Source:    ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈)ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်၌ ဖြစ်ပွားသော မီးဘေးသင့်နေအိမ်(၁)လုံးမှ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၈-၂-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက် ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၅-၂-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၂၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၀၉၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၆၀၉၀၀/-) ကျပ်တို့အား  အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်ဒုတိယဦးစီးမှူးနှင့်အတူ (၇-၂-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ဟင်္သာတခရိုင်ဦးစီးမှူးရုံး

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီမှူးရုံးမှ တိုင်ဦးမှူးနှင့်တာဝန်ရှိသူများသည် (၇-၂-၂၀၁၈)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ပျူတွင်းအုပ်စု ပျူတွင်းကျေးရွာ၌ နေ့လည်(၂း၃၀)နာရီမှ (၃း၃၀)နာရီထိ ကျေးရွာသူ၊ ကျေးရွာသား(၅၀)ဦးရေခန့့်အား ငလျင်ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     နေပြည်တော်တိုင်းဦးစီးမှူးရုံး

Sign Up

Upcoming Events