ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၌ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသား(၄၀)ဦးတက်ရောက်ခဲ့ပါကြောင်း သင်တန်းကာလမှာ (၂)ရက်တာကြာမြင့်ဖြစ်ပြီး ပေါင်းလောင်းမြို့ပေါ်ရှိ ရပ်ကွက် (၆)ခုနှင့် ကျေးရွာအုပ်စု(၂)စုတွင် ယခုနှစ်နွေရာသီကာလ၌ လေပြင်းဘေးကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရပ်ကွက်/ကျေးရွာအုပ်စုတစ်စုလျှင် သင်တန်းသား(၅)ဦးနှုန်းဖြင့် ပညာပေးဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါ သည်။

Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events