
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် (၈-၂-၂၀၁၈) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတဝက်ကျေးရွာအုပ်စု ညောင်တုန်းကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း လူဦးရေ (၁၅၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များနှင့်ဗီနိုင်း ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)