ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

8_Pic_02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၅-၂-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၂၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၀၉၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၆၀၉၀၀/-) ကျပ်တို့အား  အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်ဒုတိယဦးစီးမှူးနှင့်အတူ (၇-၂-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ဟင်္သာတခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events