မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

9_Pic_04
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ကြာအင်း အုပ်စု ကံဆယ်ကျေးရွာ (၅-၂-၂၀၁၈)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ မီးလောင်ကျွမ်းပျက်စီးခဲ့သော ဝါးအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ(၁၀၀၀၀၀/-)ကျပ်၊ မီးဘေးသင့်ပြည်သူ(၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၆၃၀၀/-)ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-)ကျပ်အား ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇-၂-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။

Source:    ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events