
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီမှူးရုံးမှ တိုင်ဦးမှူးနှင့်တာဝန်ရှိသူများသည် (၇-၂-၂၀၁၈)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ပျူတွင်းအုပ်စု ပျူတွင်းကျေးရွာ၌ နေ့လည်(၂း၃၀)နာရီမှ (၃း၃၀)နာရီထိ ကျေးရွာသူ၊ ကျေးရွာသား(၅၀)ဦးရေခန့့်အား ငလျင်ဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး