Author Archives: Aye Kyimann
-
အဝီစိတွင်းတူးဖော်ရန် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၈)ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ် ကွင်းသီးပင်ဆိပ်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ၌ အဝီစိတွင်း (တွင်းနက်) (၁)တွင်း တူးဖော်ရန် ထောက်ပံ့ငွေကျပ် (၅၉၄၈၈၀၀ိ/-)အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စု၊ ညောင်တုန်းလဲကျေးရွာ၌ (၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ (၂၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈)သိန်း၊ ဆန်ရိက္ခာဖိုး (၅၆၇၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၅၆၇၀၀/-)ကျပ်တို့ိုအား (၁၀-၄-၂၀၁၈)ရက်နေ့တွင် ဘေးဖြစ်ပွားခဲ့သည့်နေရာသို့သွားရောက်ကာ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၈)ရက်နေ့၌ ဖြူးမြို့နယ်၊ ဘုရားလဟာကျေးရွာအုပ်စု၊ ဘုရားလဟာကျေးရွာတွင် ဖြစ်ပွားသောလေဘေးမှ အမိုးလန်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၄၈၀၀၀၀/-)ကျပ်အား (၁၀-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၁၈)ရက်နေ့၌ ဖြူးမြို့နယ်၊ညောင်ပင်သာကျေးရွာအုပ်စု၊ ရွာမကျေးရွာနှင့် ဂုံမင်းကွင်းကျေးရွာတွင်ဖြစ်ပွားသော မိုးကြိုးဘေးမှသေဆုံးသူ (၂)ဦး၊ ဒဏ်ရာရသူ (၁)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၆၅၀၀၀၀/-)တို့ကျပ်အား (၁၀-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးဖြစ်ပွားမှုနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
မြန်မာနိုင်ငံ၏ရာသီဥတုအရ ဧပြီလနှင့်မေလ သည် မိုးတိမ်တောင်များဖြစ်ထွန်းပြီး မိုးသက်လေပြင်းကျရောက်ခြင်းနှင့် မိုးသီး ကြွေခြင်းတို့ ဖြစ်ပွားလေ့ရှိပါသည်။ ၂၀၁၇ခုနှစ်အတွင်း လေပြင်းဘေးကြောင့် မြန်မာနိုင်ငံအဝန်းမှ လူနေအိမ်ပေါင်း(၁၆၉၄၀)လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနသည် ဝန်ကြီးဌာန၏မူဝါဒ၊ ဦးစီးဌာန၏ရည်ရွယ်ချက်များနှင့်အညီ လျင်မြန်ထိရောက်သော ထောက်ပံ့ကူညီရေး လုပ်ငန်းများဖြစ်စေရေးအတွက် ပေါင်းစပ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်တွင်လည်း မတ်လမှ စတင်၍ လေပြင်းတိုက်ခတ်မှုများစတင်ဖြစ်ပေါ်လျက်ရှိရာ (၃-၄-၂၀၁၈)နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းဘေးကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဘုတလင် မြို့နယ်တို့မှ လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ … Read more
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ဝင်းဖရကျေးရွာအုပ်စု၊ ကုန်းကလေးရွာတွင် (၄-၄-၂၀၁၈) ရက်နေ့၌ မိုးအနည်းငယ်ရွာသွန်းပြီ မိုးကြိုးပစ်မှုကြောင့် မိုးကြိုး ထိမှန်သေဆုံးသူတဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)ကျပ်အား (၆-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးဆန်းစစ်ချက် (Mobile Application) အသိပေးမိတ်ဆက်တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၈)ရက်နေ့ (၀၉း၃၀)နာရီတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်းပြီး မြို့နယ်ဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကနဦးဆန်းစစ်ချက် (Mobile Application) အသိပေးမိတ်ဆက်တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ NGOs, INGOs များ၊ လူမှုအဖွဲ့အစည်းများ၊ စုစုပေါင်းအင်အား (၅၀)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် (၁၆)ဦးအတွက် Mobile Application အသုံးပြုနိုင်ရေး Samsung Tabelet J (၁၆)လုံး ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more
-
သဘာဝဘေးတုံ့ပြန်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီအချိန် တွင် စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA အဖွဲ့အစည်းတို့ ပူးပေါင်းပြီး သဘာဝဘေး တုံ့ပြန်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း ပူးပေါင်းအလုပ်ရုံဆွေးနွေး ပွဲအား ပြည်နယ်အဆင့်/ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ NGOs, INGOs၊ လူမှုရေးအဖွဲ့အစည်းများ၊ စုစုပေါင်း အင်အား(၆၅)ဦးဖြင့်ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်မှ အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မအူပင်ခရိုင်ရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၆)၇ပ်ကွက်၊ ဈေးဦးနောက်လမ်းတွင် (၂၆-၃-၂၀၁၈)၇က်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၆)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၂၀၀၀၀၀ိ/-)၊ အိမ်ထောင်စု(၅)စုမှ ကျား(၁၀)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်းလူဦးရေ (၂၂)ဦးစာအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၄၆၂၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၂၄၆၂၀၀ိ/-)(ကျပ်တစ်ဆယ့်နှစ်သိန်းလေးသောင်းခြောက်ထောင့်နှစ်ရာ)ကျပ် တိတိအား (၅-၄-၂၀၁၈)ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၈)ရက်နေ့ နေ့လည်(၂း၀၀)နာရီ အချိန်တွင် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရွှေကူမြို့နယ်ဦးစီးမှူးရုံးဆိုင်းဘုတ်အား အမွှေးနံသာများပက်ဖြန်း၍ ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာန ဆိုင်ရာများဝန်ထမ်းများ (၃၀) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သည့် နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
