
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၈)ရက်နေ့ နေ့လည်(၂း၀၀)နာရီ အချိန်တွင် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရွှေကူမြို့နယ်ဦးစီးမှူးရုံးဆိုင်းဘုတ်အား အမွှေးနံသာများပက်ဖြန်း၍ ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာန ဆိုင်ရာများဝန်ထမ်းများ (၃၀) ဦးတက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်နှင့်ပတ်သက်သည့် နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)