
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၆)၇ပ်ကွက်၊ ဈေးဦးနောက်လမ်းတွင် (၂၆-၃-၂၀၁၈)၇က်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၆)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၂၀၀၀၀၀ိ/-)၊ အိမ်ထောင်စု(၅)စုမှ ကျား(၁၀)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်းလူဦးရေ (၂၂)ဦးစာအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၄၆၂၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၂၄၆၂၀၀ိ/-)(ကျပ်တစ်ဆယ့်နှစ်သိန်းလေးသောင်းခြောက်ထောင့်နှစ်ရာ)ကျပ် တိတိအား (၅-၄-၂၀၁၈)ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)