ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးဆန်းစစ်ချက် (Mobile Application) အသိပေးမိတ်ဆက်တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

6_Pic_03 6_Pic_04 6_Pic_06
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၈)ရက်နေ့ (၀၉း၃၀)နာရီတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်းပြီး မြို့နယ်ဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကနဦးဆန်းစစ်ချက် (Mobile Application) အသိပေးမိတ်ဆက်တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ NGOs, INGOs များ၊ လူမှုအဖွဲ့အစည်းများ၊ စုစုပေါင်းအင်အား (၅၀)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် (၁၆)ဦးအတွက် Mobile Application အသုံးပြုနိုင်ရေး Samsung Tabelet J (၁၆)လုံး ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source:    ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events