
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီအချိန် တွင် စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA အဖွဲ့အစည်းတို့ ပူးပေါင်းပြီး သဘာဝဘေး တုံ့ပြန်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း ပူးပေါင်းအလုပ်ရုံဆွေးနွေး ပွဲအား ပြည်နယ်အဆင့်/ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ NGOs, INGOs၊ လူမှုရေးအဖွဲ့အစည်းများ၊ စုစုပေါင်း အင်အား(၆၅)ဦးဖြင့်ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်မှ အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)