
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စု၊ ညောင်တုန်းလဲကျေးရွာ၌ (၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ (၂၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈)သိန်း၊ ဆန်ရိက္ခာဖိုး (၅၆၇၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၅၆၇၀၀/-)ကျပ်တို့ိုအား (၁၀-၄-၂၀၁၈)ရက်နေ့တွင် ဘေးဖြစ်ပွားခဲ့သည့်နေရာသို့သွားရောက်ကာ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)