Author Archives: Aye Kyimann
-
UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း
၂၄.၄.၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် လှူဒါန်းငွေကျပ် သိန်း (၁၀၀၀) ကို ဦးတင်ထွန်းဦး၊ Vice-Chairmen Trusty E-Commerce (Trusty Family Company Limited) က ယနေ့နက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၈)ရက်နေ့တွင် မကွေးတပ်နယ်၊ သီဟသူရအောင်သိန်းခန်းမ၌ အရာရှိ၊ စစ်သည်အိမ်ထောင်သည် ရဲမေအင်အား (၂၁၂)ဦးတို့အား ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငလျင်ဘေးအန္တရာယ်နှင့် ငလျင်လှုပ်စဉ်ဘေးကင်းစွာနေထိုင်နည်းတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး၊ ငလျင်သရုပ်ပြလေ့ကျင့်ခြင်းတို့ကိုလည်း စုပေါင်းလေ့ကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေနံချောင်းမြို့နယ်၊ အုတ်လှကျေးရွာ စက်ရေတွင်း အသစ်ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှှှင်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၂-၄-၂၀၁၈)ရက်နေ့ (၀၉:၃၀)နာရီဝန်ကြီးဌာန၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်း မြို့နယ်၊ ညောင်ပင်အိုင့်ကျေးရွာအုပ်စု၊ အုတ်လှကျေးရွာ စက်ရေတွင်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြား၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပါသည်။ စက်ရေတွင်းသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖတို့ တက်ရောက်ကြပြီး ရေအနက် ပေ(၇၀၀)တွင် ရေချိုထွက်ရှိသဖြင့် ဒေသခံပြည်သူများ ဝမ်းသာပျော်ရွင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
၀န်ကြီးဌာန၏မူဝါဒများ အကောင်အထည်ဖော်ဆောင်ရာတွင် ဦးစားပေးဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင်များ၊ အကောင်အထည်ဖော်ရန် နည်းစနစ်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆွေးနွေးရှင်းလင်းမှုသတင်း
၂၃-၄-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ပြည်သူ့အစိုးရအနေဖြင့် ပြည်သူ့ အကျိုးကို ဖော်ဆောင်ရာတွင် ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ ပြည်သူ များအတွက် တရားသောဥပဒေများ စိုးမိုးရန် လိုအပ်သောဥပဒေများ အသစ်ရေးဆွဲခြင်း မတရားသော ဥပဒေများ ပယ်ဖျက် ပြင်ဆင်ခြင်းများပြုလုပ်လျက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနအတွင်းနှင့် … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၇-၄-၂၀၁၈)ရက်နေ့တွင် လေဘေးဖြစ်ပွားခဲ့သော ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုရှိ ကျေးရွာ (၄)ရွာ၊ အိမ်ထောင်(၁၇)အိမ်ထောင်နှင့် ငွေတောင်ကျေးရွာအုပ်စု၊ ဒေါခလိုက်လင်းကျေးရွာ(၂)အိမ်ထောင်၊ စုစုပေါင်း (၁၉) အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး(၁၉)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၆၁၅၇၅၀ိ/-)ကျပ်၊ လူဦးရေ(၆၀)ဦး အတွက် ဆန်ဖိုး(၁၂၆၀၀၀ိ/-)ကျပ်၊ စုစုပေါင်း(၁၇၄၂၇၅၀ိ/-)ကျပ်ကို (၁၉-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
အဝီစိတွင်းတူးဖော်ခြင်း ရေကန်ဆောက်လုပ်ခြင်းအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ လှိုင်မြို့နယ်၊ ရွှေပြည်စိုးရပ်ကွက် (၃)လမ်းထောင့်၌ အဝီစိတွင်းတူးဖော်ခြင်း ရေကန်ဆောက်လုပ်ခြင်းအတွက် ကုန်ကျငွေ (၂၀၈၀၀၀၀ိ/-) ကျပ်တိတိကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်ထံ (၁၉-၄-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဂန့်ဂေါမြို့နယ်၊မောက်ကျေးရွာလေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါမြိ့ုနယ်၊ မောက်ကျေးရွာတွင် (၁၆-၄-၂၀၁၈)ရက်နေ့ လေပြင်းတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု (၁၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၇၀၀၀၀/-)ကျပ်၊ လူဦးရေ (၄၄)ဦးအတွက် ဆန်(၇)ရက်စာ (၉၂၄၀၀/-)ကျပ် စုစုပေါင်း (၅၆၂၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး (၁၁)အိမ်ထောင်စုစာ တို့အား (၁၈-၄-၂၀၁၈)ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးမှ တဆင့် ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သထုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာ၌ (၁၆-၄-၂၀၁၈)ရက်နေ့ ဖြစ်ပွားသော မီးဘေး (၂) အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ family kit (၁)ထုပ်၊ ရေပုံး အဖုံးပါ (၂)ပုံး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၄၇၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၄၇၀၀ိ/-) ကျပ်တို့အား သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာသို့ (၁၇-၄-၂၀၁၈)ရက် … Read more
-
မိုးကြိုးထိမှန်သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာ အုပ်စု၊ ပိန္နဲတောင်ကျေးရွာ၌ (၁၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံး(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/)ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေး၊ ရပ်မိရပ်ဖများ၊ မြို့နယ်လွှတ်တော်ကိုယ်စား လှယ်များနှင့်ပူးပေါင်း၍ (၁၁-၄-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏ မိသားစုများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာကျေးရွာ၌ (၄-၄-၂၀၁၈) နေ့ဖြစ်ပွားသော မီးဘေးသင့်နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀ိ/-)ကျပ်၊ လူ(၁၇)ဦးအတွက် ဆန်ဖိုး(၃၅၇၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၅၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း များအား (၁၁-၄-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
