
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှှှင်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၂-၄-၂၀၁၈)ရက်နေ့ (၀၉:၃၀)နာရီဝန်ကြီးဌာန၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်း မြို့နယ်၊ ညောင်ပင်အိုင့်ကျေးရွာအုပ်စု၊ အုတ်လှကျေးရွာ စက်ရေတွင်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြား၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပါသည်။ စက်ရေတွင်းသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖတို့ တက်ရောက်ကြပြီး ရေအနက် ပေ(၇၀၀)တွင် ရေချိုထွက်ရှိသဖြင့် ဒေသခံပြည်သူများ ဝမ်းသာပျော်ရွင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)