
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၈)ရက်နေ့တွင် မကွေးတပ်နယ်၊ သီဟသူရအောင်သိန်းခန်းမ၌ အရာရှိ၊ စစ်သည်အိမ်ထောင်သည် ရဲမေအင်အား (၂၁၂)ဦးတို့အား ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငလျင်ဘေးအန္တရာယ်နှင့် ငလျင်လှုပ်စဉ်ဘေးကင်းစွာနေထိုင်နည်းတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး၊ ငလျင်သရုပ်ပြလေ့ကျင့်ခြင်းတို့ကိုလည်း စုပေါင်းလေ့ကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)