
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာ အုပ်စု၊ ပိန္နဲတောင်ကျေးရွာ၌ (၁၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံး(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/)ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေး၊ ရပ်မိရပ်ဖများ၊ မြို့နယ်လွှတ်တော်ကိုယ်စား လှယ်များနှင့်ပူးပေါင်း၍ (၁၁-၄-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏ မိသားစုများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)