Author Archives: Aye Kyimann

  • လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်သူလူထုနှင့်တွေ့ဆုံရှင်းလင်းမှုသတင်း

    ၂၆.၄.၂၀၁၈၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ မြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းနေခြင်းနှင့်ပတ်သက်၍ သွားရောက် ကြည့်ရှုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မီးငြိမ်းသတ်မှုဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့နယ်ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသောဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်ပြည်သူများ နှင့်တွေ့ဆုံ၍လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် လှိုင်သာယာ(၁၈)ရပ်ကွက် အေးရိပ်သာဓမ္မာရုံသို့သွားရောက်၍ ပြည်သူလူထုနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခြင်း၊ … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတိုင်းဦးစီးမှူးရုံး၏ နယ်မြေအတွင်း (၂၅.၄.၂၀၁၈)နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ် လယ်တာကြီးကျေးရွာအုပ်စု၊ ဒိုးနွယ်လေးကျေးရွာတွင် အမိုးလန်(၄)အိမ်အတွက် အိမ်ဆောက်ပစ္စည်း ဖိုး (၄၅,၀၀၀ိ/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၄)အိမ်ထောင်စာ၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၃x၂၁၀၀)(၂၇၃၀၀ိ/-) ကျပ် စုစုပေါင်း(၈၂၃၀၀ိ/-)တို့အား နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆.၄.၂၀၁၈)ရက်နေ့ (၁၅း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့သွားရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတိုင်းဦးစီးမှူးရုံး၏ နယ်မြေအတွင်း (၂၄.၄.၂၀၁၈ေ) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ကန်ဇွန်းခင်းကျေးရွာတွင် ပြိုလဲ(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂x၁၀၀,၀၀၀ိ/-)(၂၀၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင် စာအားလည်းကောင်း၊ အမိုးလန်(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅,၀၀၀ိ/-) ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး(၂)အိမ်ထောင်စာ၊ လူဦးရေ(၁၅)ဦး အတွက် ဆန်ရိက္ခာဖိုး (၁၅x၂၁၀၀) (၃၁၅၀၀ိ/-) စုစုပေါင်း(၂၈၁၅၀၀ိ/-)တို့အား နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၂၆.၄.၂၀၁၈)ရက်နေ့ (၁း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ကွင်း ဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ပြည်ထောင်စုနယ်မြေ … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး၏ နယ်မြေအတွင်း (၁၉.၄.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေး မြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာတွင် ပြိုလဲ(၃)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃x၁၀၀,၀၀၀ိ/-) (၃၀၀၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စာအားလည်းကောင်း၊ အမိုးလန်(၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅,၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထောင်စာ၊ လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၆x၂၁၀၀) (၃၃,၆၀၀ိ/-)ကျပ် စုစုပေါင်း (၃၄၈၆၀၀ိ/-)ကျပ်တို့အား  (၂၆.၄.၂၀၁၈)ရက်နေ့ (၁၂း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့သွား ရောက်ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီထိ ဖရူဆိုမြို့နယ်၊ အိုကေကျေးရွာအုပ်စု၊ အိုကေကျေးရွာတွင် ပြည်သူလူထု (၈၀)ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၂)ရပ်ကွက်အရှေ့ဘက်(၈)မိုင်အကွာ ဂျာခေါင်ယန်ကွင်းတောထဲတွင် (၁၆-၄-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသော မိုင်းပေါက် ကွဲမှှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအား ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်အား (၂၅-၄-၂၀၁၈)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ကူညီ ထောက်ပံ့မှုများဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူနှင့်အတူ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ဦးဆောင်သောအဖွဲ့သည် (၂၄-၄-၂၀၁၈)ရက်နေ့တွင် လမ်းခွကျေးရွာသို့သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများ နှင့် တွေ့ဆုံအားပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားပြုလုပ်ကာ စခန်း(၄)ခုရှိ တိုက်ပွဲရှောင်ပြည်သူစုစုပေါင်း အိမ်ထောင်စု(၂၇၀)စု၊ (၁၀၂၄)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်(၃၈၄)အိတ်၊ မာမားခေါက်ဆွဲခြောက် (၉၀)ဖာနှင့်မုန့် များ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီမှူးရုံးမှ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၂,၁၅၀,၄၀၀ိ/-)ကျပ်၊ ကျန်းမာရေး ဦးစီးဌာနမှ ဆေးဝါးနှင့် ဆေးစိမ်ခြင်ထောင်များ ကြက်ခြေနီတပ်ဖွဲ့မှ Dignity … Read more

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း ===========================

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ပြာစပ်ကျေးရွာ၌ (၂၄-၄-၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၆)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး (၉)စုစာ (၁၆၆၅၉၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၇၅၆၀ဝိ)/-ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅၁၂၁၉၀ိ/-)ကျပ်တို့အား ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Modular House များဆောက်လုပ်ရန်အတွက် သယ်ယူပို့ဆောင်စရိတ်ထောက်ပံ့ငွေပေးအပ်မှု သတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်ရှိကျောင်းများအတွက် Modular House (၄)လုံးဆောက်လုပ်ရန်အတွက် သယ်ယူပို့ဆောင်စရိတ် ငွေကျပ် သိန်း(၁၀၀) အား (၂၄-၄-၂၀၁၈)ရက်နေ့တွင် စစ်တွေမြို့ရှိ မဏိရတနာပရိယတ္တိစာသင်တိုက် စာချဆရာတော် ဦးဉာဏထံသို့ လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events