
FAO ၏ Crop and Food Security Assessment Mission-CFSAM for Rakhine State နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင် ရေရှည်အစားအစာ သိုလှောင်ခြင်းဆိုင်ရာ လိုအပ်ချက်အပါအဝင် ချက်ခြင်းထောက်ပံ့ပေးရန် လိုအပ်သည့် စီမံကိန်းဖွံ့ဖြိုးတိုးတက် ရေး၊ အစီအစဉ်များနှင့် နည်းဗျူဟာများစသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်မည့်အကြောင်း၊ ထို့အပြင် FAO သည် Crop and Food Security Assessment Mission-CFSAM for Rakhine Stateနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့်ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း/ မြောက်ပိုင်းစသည်တို့တွင် အဖွဲ့(၃)ဖွဲ့ဖြင့် ဆောင်ရွက်နေပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ် တွင် UEHRD နှင့်စပ်လျဉ်း၍ သော်လည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ တုံ့ပြန်ရေးများနှင့်စပ်လျဉ်း၍ သော်လည်းကောင်း ဆောင်ရွက်သည့် အဓိကဌာနဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လိုအပ်ချက်များ၊ သိရှိမေးမြန်လိုသည်များရှိလျှင် အကူအညီ တောင်းခံလိုပါကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှလည်း မိမိတို့ဦးစီးဌာနသည် ဘေးအန္တရာယ်ခံစားနေရသည့် ပြည်သူများအား လူသားချင်စာနာမှုအကူအညီများ ထောက်ပံ့ဆောင်ရွက်ပေးရေးတွင် အဓိကဦးစီးဌာနဖြစ်ပါကြောင်း၊ နိုင်ငံတကာ စံချိန်နှင့်အညီ ဆောင်ရွက်ပေးနေကြောင်း၊ ယခု FAO သည် Crop and Food Security Assessment Mission-CFSAM for Rakhine State နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးပါက မိမိတို့ဦးစီးဌာနသို့လည်း အစီရင်ခံစာတင်ပြပေးစေ လိုပါကြောင်း စသည့်ဖြင့် ဆွေးနွေးခဲ့ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မိမိတို့ ဦးစီးဌာန သည် ရခိုင်ပြည်နယ်တွင်လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အရွယ်ထိ ငွေကြေးထောက်ပံ့မှုအစီအစဉ်ဆောင်ရွက်ကြောင်း၊ အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးလျက်ရှိ ကြောင်း၊ နောင်နှစ်များတွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့နိုင်ရန် စီစဉ်ထားကြောင်းစသည့်အချက်များကို ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးရုံးမှ (၂)ဦး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (၁)ဦး၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၄)ဦး၊ FAO ကိုယ်စားလှယ်အဖွဲ့မှ (၁၂)ဦး၊ စုစုပေါင်း(၁၉)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: CR,DDM