Author Archives: Aye Kyimann
-
လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးလောင် ကျွမ်းမှုတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ (AHA Centre) နှင့် Singapore Civil Defence Force မှ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးမှုသတင်း
၂၈-၄-၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ ညနေပိုင်းတွင် အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဌာန(ရန်ကုန်)၌ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးလောင် ကျွမ်းမှုတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)နှင့် ဆက်သွယ်ဆောင်ရွက်မှု အရ (AHA Centre)မှ Mr. Yos Malole နှင့် Singapore Civil Defence Force မှ ကျွမ်းကျင်ပညာရှင်များဖြစ် ကြသော Mr. Mohamed … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အလယ်ကန် ကျေးရွာအုပ်စု၊ လယ်စုကျေးရွာတွင် (၂၅-၄-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု(၂)စု၊ ဘေးသင့်လူဦးရေ(၇)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုးတို့အား (၂၆-၄-၂၀၁၈) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေး မှူးတို့နှင့် အတူ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၈)ရက်နေ့တွင် နံနက် (၁၀:၀၀)မှ (၁၁:၃၀)နာရီအထိ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ ကျေးရွာခန်းမတွင် ပြည်သူလူထု (၁၃၀)အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ခြင်းဆောင်ရန်/ရှောင်ရန် အချက်များ လမ်းကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၌ (၂၆-၄-၂၀၁၈)ရက်နေ့ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၈၄၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ(၁၀၈၄၀၀ိ/-) တို့အား (၂၇-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့် ပြည်သူထံသို့သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးခိုးရှူပြီး ဆေးရုံတက်ရောက်ကုသလူနာ (၂၄)ဦး ထောက်ပံ့မှုနှင့် အပူခံမိုးကာတဲကြီးများအထောက်အကူပြုဆောင်ရွက်ပေးခြင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၈)ရက်နေ့တွင် ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှ မီးခိုးရှူမိပြီး လှိုင်သာယာဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည့် လူနာ(၂၃)ဦးအတွက် (၁)ဦး လျှင် (၅၀၀၀ဝိ/)ကျပ်နှုန်းဖြင့် ငွေကျပ် (၁၁,၅၀,၀၀ဝိ/) နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလူနာ(၁)ဦးအတွက် (၅၀၀၀ဝိ/)ကျပ်၊ စုစုပေါင်းငွေကျပ် (၁၂,၀၀,၀၀ဝိ/)နှင့် မြစိမ်းရောင်ဆေးကုသစင်တာတွင် အပူခံမိုးကာတဲကြီး (၁)လုံး၊ စည်ပင် သာယာအလှူလက်ခံရေးနေရာအတွက် မြောက်ပိုင်းခရိုင် ထွေအုပ်သို့ အပူခံမိုးကာတဲကြီး(၂)လုံး၊ မီးလောင်ပြင်တွင် မီးသတ် ဝန်ထမ်းများအတွက်နားနေရန် အပူခံမိုးကာတဲကြီး(၂)လုံး စုစု ပေါင်းအပူခံမိုးကာတဲကြီး (၅)လုံးနှင့် အမက(၆) ယာယီ ရွှေ့ပြောင်း လက်ခံစခန်းတွင် အခင်းနှင့်လိုအပ်သည့်အကာပြုလုပ်ရန် … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၄.၂၀၁၈) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ လက်သစ်ဝကြက်သျှာကျေးရွာတွင် ဖြစ်ပွားသောလေဘေးမှ ပြိုလဲနေအိမ်(၂)လုံး၊ အမိုးလန်နေအိမ် (၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၀၀၀၀/-)ကျပ်အား (၂၇.၄.၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြျို့နယ်၊ ကျေးရွာအုပ်စု(၉)စုတွင် (၂၀.၄.၂၀၁၈)နေ့ အထိဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲ အိမ်ခြေ(၁၈)လုံး၊ လူဦးရေ (၇၂)ဦးနှင့် အမိုးလန်နေအိမ်(၄၀)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် ထောက်ပံ့ရေးပစ္စည်း(၉)မျိုး၊ (၁၈)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းရန်ပုံငွေ (၃၁၈၁၂၀၀ိ/-)ကျပ်တို့အား (၂၇-၄-၂၀၁၈)နေ့တွင် ပေါက်ခေါင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၄.၂၀၁၈)ရက်နေ့တွင် ကေကော ကျေးရွာအုပ်စု၊ ထောသိုခေါကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၅)စုမှ စုစုပေါင်း လေဘေးသင်ပြည်သူ(၂၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး၊ အိမ်ထောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း (၅၅၈၈၀၀/-)ကျပ်ကို (၂၇.၄.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၄.၂၀၁၈ )ရက်နေ့၊ (၁၅း၁၀)နာရီမှ (၁၅း၂၅) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် ကံမမြို့နယ်၊ အလယ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာတွင် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၈)ဦး ဘေးသင့်ခဲ့ပြီး ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၁၆၈၀၀ိ/-၊ အမိုးလန်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၃၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၁၄၆၈၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၃)အိမ်ထောင်စာတို့ကို (၂၆.၄.၂၀၁၈)ရက်နေ့တွင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ချောက်မြို့နယ်၊ အမှတ်(၁၃)နယ်မြေခံတပ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၈)ရက်နေ့က ချောက်မြို့နယ်၊ အမှတ်(၁၃)ခြေလျင်တပ်ရင်းခန်းမ၌၊ အရာရှိ၊ စစ်သည်မိသားစုဝင်(၂၂၀)ဦးတို့အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ၊ ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ငလျင်လှုပ်စဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်းများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)
