Author Archives: Aye Kyimann

  • နတ်မောက်မြို့နယ် လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်မောက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် (၁၁-၅-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော  အမိုးလန်နေအိမ် (၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၇၀,၀၀၀ိ/-)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၁,၉၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၅၁,၉၀၀ိ/-)ကျပ်နှင့်  ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၉)စုစာတို့အား (၁၈-၅-၂၀၁၈)ရက်နေ့ (၁၀း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2018 Source:    မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှု/ကယ်ဆယ်ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၈)ရက် နေ့ ညနေပိုင်းတွင် အထက(၈)တောင်ကြီးမြို့၌ ပညာရေးမွမ်းမံသင်တန်းတက်ရောက်နေသော အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမ စုစု ပေါင်း (၄၂၀)ဦးအား ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #shn_may2018 Source:    ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၈)ရက်နေ့ (၂၂း၀၀)အချိန်၌ သံတောင်ကြီးမြို့နယ်၊ စီပင်ကလေးကျေးရွာအုပ်စု၊ မိုင်(၂၀)ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၇၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၆၃၀၀ိ/-)ကျပ် စုစုပေါင်း(၇၆၃၀၀ိ/-)ကျပ်တို့အား သံတောင်ကြီးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၇-၅-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_may2018 Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၈)ရက်နေ့ (၂၂း၃၀)အချိန်၌ သံတောင်ကြီးမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၁၀၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၁၄၇၀၀ိ/-) ကျပ်တို့အား သံတောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ (၁၇-၅-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_apr2018 Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၈)ရက်နေ့ (၁၃း၃၀)အချိန် တွင်  လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍  လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာ၌ ကျေးရွာနေပြည်သူ (၅၂)ဦးအား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ဲပြီး နံရံ ကပ်ပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source:    လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု အင်းရှည်ကုန်းကျေးရွာ၌ (၁၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားသည့် လေဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၂၀၀၀၀၀/-)နှင့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ ကျပ်(၂၇၃၀၀/-)တို့အား (၁၇.၅. ၂၀၁၈) ရက်နေ့ (၁၀း၄၅)နာရီချိန်တွင်လည်းကောင်း၊ သိန္ဒောကျေးရွာအုပ်စု၊ သိန္ဒောကျေးရွာလေဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ကျပ်(၂၀၀၀၀၀/-)နှင့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ဆန်ဘိုး(၇)ရက်စာကျပ်(၁၄၇၀၀/-)စုစုပေါင်း ထောက်ပံ့ငွေ (၄၄၂၀၀၀/-)ကျပ်တို့အားလည်းကောင်း (၁၇.၅.၂၀၁၈)ရက်နေ့ ညနေ့(၁၅း၃၀)နာရီချိန်တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_sgw … Read more

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ သဲကြီးကုန်းကြီးကျေးရွာအုပ်စု လူပုကျေးရွာ၌ (၁၁.၅.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် FAMILY KITS (၂၆)မျိုး ပါ (၁)ပုံး၊ အမိုးအကာလန် နေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃)ပုံး၊ လူူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၉၄၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၄၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၆၉၄၀၀ိ/-) ကျပ်တို့အား (၁၇.၅.၂၀၁၈)ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • လေပြင်းဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်း ကျေးရွာအုပ်စု တင်ငုတ်ကြီးကျေးရွာတွင် နေထိုင်သူ မောင်ဇွဲကို အသက်(၂၂)နှစ်သည် (၉.၅.၂၀၁၈)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် သဖန်းဆိပ်ဆည်အတွင်း လှေမှောက်သေဆုံးသွားပါသဖြင့် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)ကျပ်အား အင်းကောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်၌ (၁၆.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2018 Source:  ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၆-၅-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အထက (၉) တောင်ကြီးမြို့၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် အထက(၁)တောင်ကြီးမြို့၌လည်းကောင်း၊ ပညာရေးမွမ်းမံသင်တန်း တက်ရောက်နေသော အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများအား ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင် ရွက်ခဲ့ရာ အထက(၉)တွင် ဆရာ/ ဆရာမ (၄၁၅) ဦး၊ အထက(၁)တွင် ဆရာ/ဆရာမ (၅၇၄)ဦး၊ စုစုပေါင်း (၉၈၉) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2018 Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events