ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

17_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ သဲကြီးကုန်းကြီးကျေးရွာအုပ်စု လူပုကျေးရွာ၌ (၁၁.၅.၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် FAMILY KITS (၂၆)မျိုး ပါ (၁)ပုံး၊ အမိုးအကာလန် နေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃)ပုံး၊ လူူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၉၄၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၄၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၆၉၄၀၀ိ/-) ကျပ်တို့အား (၁၇.၅.၂၀၁၈)ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw #ayy_may2018 Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events