
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်မောက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် (၁၁-၅-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၉)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၇၀,၀၀၀ိ/-)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၁,၉၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၅၁,၉၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၉)စုစာတို့အား (၁၈-၅-၂၀၁၈)ရက်နေ့ (၁၀း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2018
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)