
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု အင်းရှည်ကုန်းကျေးရွာ၌ (၁၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားသည့် လေဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၂၀၀၀၀၀/-)နှင့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ ကျပ်(၂၇၃၀၀/-)တို့အား (၁၇.၅. ၂၀၁၈) ရက်နေ့ (၁၀း၄၅)နာရီချိန်တွင်လည်းကောင်း၊ သိန္ဒောကျေးရွာအုပ်စု၊ သိန္ဒောကျေးရွာလေဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ကျပ်(၂၀၀၀၀၀/-)နှင့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ဆန်ဘိုး(၇)ရက်စာကျပ်(၁၄၇၀၀/-)စုစုပေါင်း ထောက်ပံ့ငွေ (၄၄၂၀၀၀/-)ကျပ်တို့အားလည်းကောင်း (၁၇.၅.၂၀၁၈)ရက်နေ့ ညနေ့(၁၅း၃၀)နာရီချိန်တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#tny_may2018
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)