
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၈)ရက်နေ့ (၂၂း၀၀)အချိန်၌ သံတောင်ကြီးမြို့နယ်၊ စီပင်ကလေးကျေးရွာအုပ်စု၊ မိုင်(၂၀)ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၇၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၆၃၀၀ိ/-)ကျပ် စုစုပေါင်း(၇၆၃၀၀ိ/-)ကျပ်တို့အား သံတောင်ကြီးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၇-၅-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#krn_may2018
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)