ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

18_Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၈)ရက်နေ့ (၂၂း၃၀)အချိန်၌ သံတောင်ကြီးမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၁၀၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၁၄၇၀၀ိ/-) ကျပ်တို့အား သံတောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ (၁၇-၅-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#krn_apr2018
Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events