Author Archives: Aye Kyimann
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၈)ရက်နေ့တွင် မြိတ်ခရိုင်ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ကျေးရွာ၌ ဖြစ်ပွားသည့် လေဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀/-)နှင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး လူဦးရေ (၂)ဦးအတွက် ဆန်ဖိုး(၇)ရက်စာထောက်ပံ့ငွေကျပ် (၄၂၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၀၄၂၀၀/-)တို့အား (၁၃-၆-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလချောင်းဝတွင်တွေ့ရှိသော လှေစီးဒုက္ခသည်များအား ဥပဒေနှင့်အညီ စနစ်တကျစိစစ်၍ ဆောင်ရွက်ပေးသွားမည်
စစ်တွေ၊ ဇွန် ၁၂ (၁၁-၆-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ၊ သာစည် ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ ပျက်စီးနေသော စက်လှေတစ်စီးနှင့် အမျိုးသား (၄၄)ဦး၊ အမျိုးသမီး (၆၀)ဦး စုစုပေါင်း (၁၀၄)ဦးတို့အား စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ရာ ညနေ ၅ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့ပါသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်မှုများပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှု အကူအညီများ … Read more
-
ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိမှုအခြေအနေသတင်း
ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ သတင်းများရယူစုဆောင်းခြင်း၊ ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များဖြစ်စေရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ- • မကွေးတိုင်းဒေသကြီးအတွင်း (၁၁-၆-၂၀၁၈)နေ့တွင် ပွင့်ဖြူမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ သစ်ပင်ပိသဖြင့် နေအိမ်(၁)လုံး ပြိုကျပျက် စီးခဲ့ပြီး အိမ်ထောင်စု (၁)စုမှ လူဦးရေ(၆)ဦး ဘေးဒုက္ခကြုံတွေ့ ခဲ့ခြင်းနှင့် ရေပုတ်ကြီးကျေးရွာ၌ လူ(၁)ဦး … Read more
-
ရေနံချောင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာ(၂)ရွာနှင့် ရက်ကွက်(၁)ရက်ကွက်တို့တွင် (၁၀.၆.၂၀၁၈)ရက်နေ့၌ မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၈)လုံး၊ မိုးဆက်မပျက်ရွာသွင်းမူကြောင့် သစ်ပင်ပိပြိုကျနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် ပြိုကျနေအိမ်(၁)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၉၀၀၀၀၀ိ/-)ကျပ်၊ လူဦးရေ(၈၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၈၀၆၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၀၈၀၆၀၀ိ/-)ကျပ်၊ (၁၂.၆.၂၀၁၈)ရက်နေ့တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_fld #mgy_jun2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငဖဲမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ငဖဲမြို့နယ်၊ စာတတ်ကူကျေးရွာတွင် (၁၁-၆-၂၀၁၈)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သော ရေမျောအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု (၂)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးနှင့် လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာအတွက် (၂၃၃၆၀၀ိ/-) ကျပ်တို့အား (၁၂-၆-၂၀၁၈) ရက်နေ့(၁၅း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jun2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၁၈)ရက်နေ့တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မြို့နယ်အဆင့်သဘာဝဘေး လျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးအဖွဲ့အတွင်းရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဦးစီးမှူး (ဘေးစီမံ)မှ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနိုင်သော သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များ မိမိ ဝန်ကြီးဌာန၏ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ထောက်ပံ့မှုလုပ်ငန်းစဉ်များ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ နှင့်ပြည်သူူလုထုမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များကို ဦးဆောင်ဆွေးနွေးခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းဦးစီးအဖွဲ့အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ မြို့မိမြို့ဖများ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား … Read more
-
မင်းဘူးစကုမြို့နယ်ရှိ ပြိုကျနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၈)ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်း၍ မင်းဘူးစကုမြို့နယ်၊ ရေဘော်ကြီးကျေးရွာနှင့် ဆင်ခေါင်းကျေးရွာတို့၌ သစ်ပင်ပိ၍ပြိုကျလူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂)သိန်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၂)စုစာနှင့် လူ(၈)ဦးတို့တွက် ဆန်ဖိုး (၁၆၈၀၀/-)ကျပ်တို့အား (၁၂.၆.၂၀၁၈)ရက်နေ့ (၀၈း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ခဲ့ကြောင့် သတင်းရရှိပါသည်။ #otr #mgy_jun2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေချောင်း(ချောင်း) လျှပ်တပြတ်ရေဘေးအတွက် နောက်ဆက်တွဲထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၈) ရက်နေ့တွင် လျှပ်တပြတ်ရေဘေးဖြစ်ပေါ်ခဲ့သည့် ရွှေချောင်းချောင်း၊ အမှတ်(၃)ရပ်ကွက်၌ လူနေအိမ် (၁၈)လုံး ပြောင်းရွှေ့ခဲ့ရသဖြင့် ဘေးသင့်အိမ်ခြေ(၁၈)လုံး၊ အိမ်ထောင်စု(၁၈)စု၊ ဘေးသင့်လူဦးရေ(၉၂)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၉၃၂၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား (၈-၆-၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးရဲထွဋ်တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဘင်္ဂလားပင်လယ်အော်အခြေအနေခန့်မှန်းချက်
=============================================== (၂၀၁၈ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ Source: DMH
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသောပြည်သူများအတွက် ရှပ်တိုရောင်စုံ (၂၅၀)၊ စတစ်လက်ရှည်(၃၀၀)၊ CVC ပန်းရိုက်ရှပ်တိုု(၂၅၀)နှင့် တီရှပ်(၈၀၀)ထည်တို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇုံးတိန့်(ကိုယ်စား) ကိုယ်စားလှယ်တစ်ဦး ထံသို့ (၈-၆-၂၀၁၈)ရက်နေ့(၁၀း၄၅)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_jun2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
