
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၈) ရက်နေ့တွင် လျှပ်တပြတ်ရေဘေးဖြစ်ပေါ်ခဲ့သည့် ရွှေချောင်းချောင်း၊ အမှတ်(၃)ရပ်ကွက်၌ လူနေအိမ် (၁၈)လုံး ပြောင်းရွှေ့ခဲ့ရသဖြင့် ဘေးသင့်အိမ်ခြေ(၁၈)လုံး၊ အိမ်ထောင်စု(၁၈)စု၊ ဘေးသင့်လူဦးရေ(၉၂)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၉၃၂၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား (၈-၆-၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးရဲထွဋ်တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_jun2018
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)