
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၈)ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်း၍ မင်းဘူးစကုမြို့နယ်၊ ရေဘော်ကြီးကျေးရွာနှင့် ဆင်ခေါင်းကျေးရွာတို့၌ သစ်ပင်ပိ၍ပြိုကျလူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂)သိန်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၂)စုစာနှင့် လူ(၈)ဦးတို့တွက် ဆန်ဖိုး (၁၆၈၀၀/-)ကျပ်တို့အား (၁၂.၆.၂၀၁၈)ရက်နေ့ (၀၈း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ခဲ့ကြောင့် သတင်းရရှိပါသည်။
#otr
#mgy_jun2018
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)