သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

12_Pic_02 12_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၁၈)ရက်နေ့တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မြို့နယ်အဆင့်သဘာဝဘေး လျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးအဖွဲ့အတွင်းရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဦးစီးမှူး (ဘေးစီမံ)မှ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနိုင်သော သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များ မိမိ ဝန်ကြီးဌာန၏ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ထောက်ပံ့မှုလုပ်ငန်းစဉ်များ  မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ နှင့်ပြည်သူူလုထုမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များကို ဦးဆောင်ဆွေးနွေးခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းဦးစီးအဖွဲ့အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ မြို့မိမြို့ဖများ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၈၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#shn_jun2018
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events