Author Archives: Aye Kyimann
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားသည့် မီးဘေးကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ရေပေါ်ကျေးရွာ အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးကျပ် (၂၀၀,၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ လူဦးရေ(၇)ဦးအတွက် ဆန်ဘိုး (၇)ရက်စာထောက်ပံ့ငွေကျပ် (၁၄,၇၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၄,၇၀၀/-)တို့အား (၁၉-၆-၂၀၁၈)ရက်နေ့၊ ညနေ (၁၄း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jun2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၈)ရက်နေ့တွင် ပါချန်မြစ်ရေ မြင့်တက်ပြီး ရေကြီးခြင်းကြောင့် ခမောက်ကြီးမြို့၊ လုံးဖောကျေးရွာမှ အိမ်ခြေ (၆၀)အိမ်ထောင်စုမှ (၆၀)လူဦးရေ (၂၀၀)ဦးရေဘေး ဒုက္ဓခံစားခဲ့ရပြီး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် သာသနာ့ဝေပုလ္လ ဘုန်းတော်ကြီးကျောင်းနှင့် သာထွန်းပြန့်ဘုန်းတော်ကြီးကျောင်းသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်း အဖွဲ့များနှင့်အတူသွားရောက်၍ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၆၀)အိမ်ထောင်စာ၊ ဆန်ဖိုး(၄၂၀,၀၀၀/-)ကျပ်တို့အား (၁၉.၆.၂၀၁၈)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jun2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၈)ရက်နေ့တွင် ပါချန်မြစ်ရေ မြင့်တက်ပြီး ရေကြီးခြင်းကြောင့် အေးချမ်းသာကျေးရွာမှ အိမ်ခြေ (၁၇)လုံး အိမ်ထောင်စု(၁၇)စုမှ လူဦးရေ (၈၀)ဦး ရေဘေးဒုက္ဓခံစားခဲဲ့ရပြီး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် အေးချမ်းသာရွာဦးဘုန်းတော်ကြီး ကျောင်းနှင့် ဓမ္မာရုံသို့ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်း အဖွဲ့များနှင့်အတူသွားရောက်၍ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၇)အိမ်ထောင်စာ၊ ဆန်ဖိုး(၁၆၈,၀၀၀/-)ကျပ်တို့အား (၁၉.၆.၂၀၁၈)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jun2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ရေဘေးအတွက် ထောက်ပံ့မှုသတင်း
============================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၆.၂၀၁၈)ရက်နေ့တွင် ချောင်းရေကျချိန် ရေစီးသန်သဖြင့် အံတော်ကျေးရွာအုပ်စု အံတော်ကျေးရွာတွင် လုံးဝပျက်စီး လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၂)စုမှ ဘေးသင့်ပြည်သူ(၁၁)ဦးအတွက် (၇)ရက်စာ ဆန် ရိက္ခာဖိုး (၂၃၁၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၂၃၁၀ဝိ-)ကျပ်တို့အား (၁၉-၆-၂၀၁၈)ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦစီးဌာနသို့ KBZ ဘဏ်မှ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #rke_jun2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ထန်းလေးပင်ကျေးရွာအုပ်စု၊ ဝန်လိုကိုင်းကျေးရွာတွင် (၁၄.၆.၂၀၁၈)ရက်နေ့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ဘေးသင့်ခဲ့သည့် ဖျက်သိမ်းနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၈၉၀၀/-)ကျပ်နှင့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၁၈၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထာင်စာတို့အား (၁၉.၆.၂၀၁၈)ရက်နေ့တွင် ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များလက်ဝယ်သို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jun2018 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ ဝါးဘိုးကျေးရွာတွင် (၁၅.၆.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ပြိုကျနေအိမ် (၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၄)ပုံး (၁၄၉၄၁၂/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၃၉၉၀၀/-)ကျပ်၊ စုစုပေါင်း (၄၃၉၉၀၀/-)အားလည်းကောင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ ဝါးယားကျေးရွာနှင့် လှေလုံးတောင်ကျေးရွာတို့၌ (၁၅.၆.၂၀၁၈) ရက်နေ့ ရေဘေးကြောင့် ပြိုကျနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)ပုံး … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာ (၁၈.၆.၂၀၁၈)ရက်နေ့ လေဘေးအတွက် ပြိုလဲအိမ်ခြေ(၂)လုံးမှ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ၊ လူဦးရေ (၇)ဦးအတွက် ဆန်ဖိုး (၁၄,၇၀၀/-) ကျပ်၊ အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်းတို့အား (၁၁း၃၀)နာရီအချိန်တွင် ကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးတွင် (EOC) ရုံးခန်းဖွင့်လှစ်ပြီး မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့ (၁၉-၆-၂၀၁၈) ရက် (၀၈း၃၀)နာရီ၌ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Centre – EOC)ရုံးခန်းဖွင့်လှစ်ခဲ့ပြီး စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ မင်းပြား(၄)မြို့နယ်တို့နှင့်အတူ မုန်တိုင်းသဏ္ဍာန် တူဇာတ်တိုက်လေ့ကျင့်ခြင်းများ တပြိုင်တည်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_simex_str #rke_jun2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စု၊ ကျောင်းနိမ့်ကျေးရွာ လေဘေးသင့်အိမ်ခြေ (တစ်စိတ်တစ်ပိုင်း)(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးကျပ် (၇၅,၀၀၀/-)နှင့် အိမ်ထောင်စု(၁)စုမှ လူဦးရေ(၆)ဦး အတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေကျပ်(၁၂,၆၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၈၇,၆၀၀/-)ကျပ်တို့အား (၁၈-၆-၂၀၁၈)ရက်နေ့ ည (၁၈း၀၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာ၊ ပခန်းငယ်ကျေးရွာ အုပ်စု၊ ပခန်းငယ်ကျေးရွာ၊ ဆင်တဲကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာတို့တွင် (၁၆/၁၇-၆-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၅)လုံး၊ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၁၂၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၇၀၉၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၇၇၀၉၀၀ိ/-)(ကျပ်နှစ်ဆယ့်ခုနှစ်သိန်းခုနှစ်သောင်းကိုးရာတိတိ)တို့အား (၁၈-၆-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးကျော်အံ့မောင်၊ ရေစကြိုမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးအောင်မြင်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more
