လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ထန်းလေးပင်ကျေးရွာအုပ်စု၊ ဝန်လိုကိုင်းကျေးရွာတွင် (၁၄.၆.၂၀၁၈)ရက်နေ့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ဘေးသင့်ခဲ့သည့် ဖျက်သိမ်းနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၈၉၀၀/-)ကျပ်နှင့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၁၈၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထာင်စာတို့အား (၁၉.၆.၂၀၁၈)ရက်နေ့တွင် ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များလက်ဝယ်သို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_jun2018
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)