
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာ (၁၈.၆.၂၀၁၈)ရက်နေ့ လေဘေးအတွက် ပြိုလဲအိမ်ခြေ(၂)လုံးမှ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ၊ လူဦးရေ (၇)ဦးအတွက် ဆန်ဖိုး (၁၄,၇၀၀/-) ကျပ်၊ အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်းတို့အား (၁၁း၃၀)နာရီအချိန်တွင် ကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_jun2018
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)