ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးအတွက် ထောက်ပံ့မှုသတင်း

20_Pic_04
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ ဝါးဘိုးကျေးရွာတွင် (၁၅.၆.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ပြိုကျနေအိမ် (၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၄)ပုံး (၁၄၉၄၁၂/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၃၉၉၀၀/-)ကျပ်၊ စုစုပေါင်း (၄၃၉၉၀၀/-)အားလည်းကောင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ ဝါးယားကျေးရွာနှင့် လှေလုံးတောင်ကျေးရွာတို့၌ (၁၅.၆.၂၀၁၈) ရက်နေ့ ရေဘေးကြောင့် ပြိုကျနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)ပုံး (၁၁၂၀၅၉/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၈၉၀၀/-)ကျပ်၊ စုစုပေါင်း (၃၁၈၉၀၀/-)ကျပ်အားလည်းကောင်း၊ ပုသိမ်မြို့နယ်၊ ရှမ်းကွင်းအုပ်စု၊  ရှမ်းကွင်းကျေးရွာ၌ (၁၅.၆.၂၀၁၈)ရက်နေ့ ရေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံးမှ လူဦးရေ (၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၂)ပုံး (၇၄၇၀၆/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ (၁၈၉၀၀/-)ကျပ်၊ စုစုပေါင်း (၂၁၈၉၀၀/-)အားလည်းကောင်း (၁၉.၆.၂၀၁၈)ရက်နေ့တွင် ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_fld
#ayy_jun2018
Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events