Author Archives: Aye Kyimann
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ (၄.၇.၂၀၁၈) ရက်နေ့ (၁၁း၃၀)အချိန်တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇) ရက်စာ(၃၃၆၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀ိ/-)၊စုစုပေါင်း(၃၃၃၆၀၀ိ/-)ကျပ်တို့အား (၅.၇.၂၀၁၈)ရက်နေ့တွင် ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်အတွက် ကြိုတင်ညှိနှိုင်းခြင်း အစည်းအဝေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာတွင် (၁၅.၇.၂၀၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်အတွက် ကြိုတင်ညှိနှိုင်းခြင်း အစည်းဝေးကို ယနေ့ (၆.၇.၂၀၁၈)ရက်နေ့ (၉:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းဝေးကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ် မီးသတ်ဦးစီးမှူး၊ မြို့နယ်ကြက်ခြေနီတာဝန်ခံ၊ ချောင်းဗြဲကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဘိုကလေးမြို့စေတနာ့ဝန်ထမ်းအဖွဲ့ခေါင်းဆောင် စိုပြေမြန်မာလူမှုကူညီရေးအသင်းတာဝန်ခံ၊ Arche no va လူမှုကူညီရေးအဖွဲ့မှ တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jul2018 Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၇.၂၀၁၈)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်၊ အ.ထ.က(၂)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၇၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာအာရှဒေသဝန်ကြီးများ အဆင့်ညီလာခံတွင် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများ၌ ရင်းနှီးမြှုုပ်နှံမှုများနှင့် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေးမှုသတင်း
၅-၇-၂၀၁၈၊ အူလန်ဘာတာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးဆိုင်ရာ အာရှဒေသဝန်ကြီးများအဆင့် ညီလာခံကို မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာ မြို့တွင် တတိယမြောက်နေ့ ဆက်လက်ကျင်းပလျက်ရှိရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲကို အိမ်ရှင်မွန်ဂိုလီးယား နိုင်ငံအစိုးရ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတက်ရောက် ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသော ပြယုဂ်များ ဖြစ်သည့် (၂၀၁၅)ခုနှစ် ရေဘေး တုံ့ပြန်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ ကုန်သည်ကြီးအသင်း၊ … Read more
-
UNHCR မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Indrika Ratwatte နှင့်အဖွဲ့က ဒုတိယဝန်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော် ဇူလိုင် ၅ UNHCR မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Indrika Ratwatte နှင့်အဖွဲ့သည် ယနေ့နံနက်တွင် လူမှုှဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် သဘောတူညီမှှုစာလွှာ (LOA) ရေးထိုး၍ ကချင်ပြည်နယ်ရှိ ခိုလှှုံရေးစခန်းများတွင် လူသားချင်းစာနာမှှု အကူအညီများ ထောက်ပံ့ပေးမှှုကိစ္စများ၊ လုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှှုစာချွန်လွှာ (MOU) ရေးထိုးနိုင်ရန် ဆောင်ရွက်နေမှှုများ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာကူညီမှှုများ ထောက်ပံ့နိုင်ရေး ဒေသဆိုင်ရာအစိုးရအဖွဲ့၏ … Read more
-
(၁၅)ကြိမ်မြောက် ထူးချွန်မြန်မာအမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပမှုသတင်း
နေပြည်တော် ဇူလိုင် ၅ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် နေပြည်တော်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် ထူးချွန်မြန်မာအမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်အမှာစကားပြောကြား သည်။ အခမ်းအနားတွင် ဒုတိယဥက္ကဌက “၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှ နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန်နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအစဉ် (Plan of Action)များ ရေးဆွဲဆောင်ရွက်သွားရန် ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ … Read more
-
သဘာဝဘေးနှင့် မိုးကြိုးဘေးအကြောင်းအရာများ အသိပညာပေး ဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မြိတ်မြို့နယ်၊ မြိတ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၁၀၀၀)ဦးအား သဘာဝဘေးနှင့် မိုးကြိုးဘေးအကြောင်းအရာများ ဆွေးနွေးခဲ့ပြီး ရှောင်ရန်/ဆောင်ရန်များ ရှင်းလင်းပြောကြားခြင်း၊ ဘောလ်ပင်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေး ဗွီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar_tls #tny_jul2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉/၃၀-၆-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပေါ်ခဲ့သည့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိ ကျေးရွာတွင် လူနေအိမ်(၄၁)လုံး ပြောင်းရွှေ့ခဲ့ရသဖြင့် ဘေးသင့်အိမ်ခြေ(၄၁)လုံး၊ အိမ်ထောင်စု(၄၁)စု၊ ဘေးသင့် လူဦးရေ(၁၁၆)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၄၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၄၃၆၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၄၃၄၃၆၀၀ိ/-)(ကျပ်လေးဆယ့်သုံးသိန်းလေးသောင်းသုံးထောင့် ခြောက်ရာတိတိ)အား (၄-၇-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source: … Read more
-
Shelter ဆောက်လုပ်ရန်မြေနေရာနှင့်ပတ်သက်၍ ကျေးရွာပြည်သူများနှင့်အတူ ကွင်းဆင်းဆောင် ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ (၃)ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦး ဝင်းထွဋ်၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ဒေါ်ငြိမ်း ကျေးရွာ၊ ပက်ပြဲကျေးရွာတို့တို့ကွင်းဆင်းပြီး ရှယ်လ်တာဆောက်လုပ်ရန်မြေနေရာကိစ္စ၊ ဈေးမြေနေရာကိစ္စတို့နှင့်ပတ်သက်၍ ကျေးရွာပြည်သူများနှင့် အတူ ကွင်းဆင်းတွေ့ဆုံခြင်းခရီးစဉ်တွင် အတူလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jul2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မကွေးမြို့တွင် ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မကွေးမြို့နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်မှုတို့ဖြင့် ရေဘေး သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းကို မကွေးမြို့နယ်၊ မြင်းကင်းကျေးရွာတွင် ၂၉-၆-၂၀၁၈ ရက်နေ့ နံနက် (၀၈း၀၀) အချိန်က ပြုလုပ်ခဲ့ပြီး ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးစီးသော ခရိုင်သဘာဝဘေး ကော်မတီဝင်များ၊ မြို့နယ်သဘာဝဘေး ကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူတို့ တက်ရောက်ကြပြီး မြင်းကင်းကျေးရွာမှ ပြည်သူလူထု(၃၅၀)ဦးခန့် ပူးပေါင်းပါဝင်လေ့ကျင့်ခဲ့ကြသည်။ ဦးစွာရေဘေး … Read more
