ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

6_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ (၄.၇.၂၀၁၈) ရက်နေ့ (၁၁း၃၀)အချိန်တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇) ရက်စာ(၃၃၆၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀ိ/-)၊စုစုပေါင်း(၃၃၃၆၀၀ိ/-)ကျပ်တို့အား (၅.၇.၂၀၁၈)ရက်နေ့တွင် ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#mgy_jul2018
Source:  ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events