
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာတွင် (၁၅.၇.၂၀၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်အတွက် ကြိုတင်ညှိနှိုင်းခြင်း အစည်းဝေးကို ယနေ့ (၆.၇.၂၀၁၈)ရက်နေ့ (၉:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းဝေးကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ် မီးသတ်ဦးစီးမှူး၊ မြို့နယ်ကြက်ခြေနီတာဝန်ခံ၊ ချောင်းဗြဲကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဘိုကလေးမြို့စေတနာ့ဝန်ထမ်းအဖွဲ့ခေါင်းဆောင် စိုပြေမြန်မာလူမှုကူညီရေးအသင်းတာဝန်ခံ၊ Arche no va လူမှုကူညီရေးအဖွဲ့မှ တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#ayy_jul2018
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)